Posts

တော်လောက်ပြီထင်တယ် -၁

 ပြောချင်တာ‌ပြောဆိုပြီး နားညည်းခံအချိန်ဖြုန်းခဲ့တာတွေ များပြီ.. မပြောပဲနေလို့ရရင် ကျနော်မပြောပဲနေမလို့ပါပဲ။
 နေသာချိန်တွေ ပြန်ရလာတော့မည် မကြာမီ..

‌ကြိုးတွေ

 ပျော်ရာမှာမနေ တော်ရာမှာနေကြရတာပါ ဘာဖြစ်ဖြစ် ပျော်နေနိုင်ကြသူတွေကတော့ အားကျစရာ။ ကျနော်တို့ကျရာ ဇာတ်ရုပ်ကြိုးမှန်သမျှမရှုပ်ရ‌အောင် ကဖို့ ကျနော််တို့.. ကျနော်တို့..

ခါး-၂

စိတ်ဓါတ်ကျတယ်ဆိုတာထက်ပိုတဲ့ အ‌ခြေအနေတခုက  ကောင်းကင်မှာ တိမ်တွေအုံ့မှိုင်းနေကြသလိုမျိုး.. တခါတရံမှာ မြူတွေတောင် ဆိုင်းနေကြသေးတယ်။ ကျနော် စိတ်ကရီ‌‌‌‌‌‌‌‌ဝေဝေ နေချင်တယ် သေချင်တယ်ဆိုတဲ့စိတ်မျိုးကတော့မရှိမကောင်းရှိမကောင်းပါပဲ.. ညတာတွေ တိုတိုလာတယ် ကောင်းကင်မှာ ကြယ်ရှိမှရယ်မဟုတ်ပါဘူး။ ပိုပိုသာသာ     

မြို့-၁

 ဒီနေ့ နှစ်သစ်တခုရဲ့ ပထမဆုံးသောနေ့ တနေကုန်မြူတွေဆိုင်းနေတာက ချစ်စရာ.. မြို့လေးကအေးချမ်းမှုအတိ။ #မြို့

ခါး-၁

 အဆင်မပြေတာတွေနဲ့စတဲ့ နှစ်သစ်ပါပဲ.. ဖြစ်ချင်တာတွေမဖြစ်လို့ဖြစ်ဖြစ် ၊မဖြစ်ချင်တာတွေဖြစ်လာလို့ဖြစ်ဖြစ် စိတ်ညစ်နေလို့ထူးခြားမှုတွေဖြစ်လာဖို့တော့မရှိပါဘူး။ လွန်ခဲ့ပြီ.. အရာအားလုံးဟာလွန်ခဲ့ပြီ။ ဒီလိုတွေဖြစ်လာမယ် ဘယ်သူတွေကြိုသိနိုင်ခဲ့ကြပါမလဲ ဒါတွေကြောင့်‌ကြိုတင်သိမြင်ခွင့်ကို ဘုရားသခင်ကတားမြစ်တော်မူခဲ့ခြင်း‌‌‌‌ဖြစ်ပေမည်။ ကျနော်သည် မှားယွင်ံးမှုတိုင်းကို အမြဲနောက်ကျမှသိသူဖြစ်သည်.. ပျော်ရွှင်မှုသည် ကျနော့ဆီလွယ်ကူစွာ‌ရောက်လာလေ့မရှိ။ အရာရာသည် ပြင်ဆင်ရန််ခဲယဥ်းလျှက်ရှိနေလေပြီ ဒီလိုပုံစံမျိုး/အခြေအနေမျိုးနဲ့ ဘယ်လောက်ကြာအောင် အသက်ရှင်နေထိုင်‌နေရဦးမည် ကျနော်မသိ။ မှားယွင်းမှုအားလုံးအတွက် ကျနော်ပေးဆပ်ရပေတော့မည်..
ပျော်ရွှင်ဖွယ်ကောင်းသောနေ့ များမှာ ကျနော်တို့ ..
ဝင်မငံချင်လို့ အေးဆေးနေလိုက်တော့မယ်လို့ နေတာပဲ၊ ဒါပေမယ့် မင်းတို့ တွေသောက်ရမ်းလွန်တယ် အစိတ်သားတွေရာ။

ကျနော်- ၂

ရင်ပတ်ကြီးဟောင်းလောင်းပွင့် တလွင့်ထဲ လွင့်နေတဲ့ ကောင် ငေါင်ကြောင်ကြောင်နဲ့..
တနေ့ နေ့ မှာ တစ်ယောက်ယောက်ဖြစ်လာဖို့ ကျနော်မျှော်လင့်မထားခဲ့ဖူးပါဘူး..
စိတ်ညစ်ဖို့ ကောင်းလောက်အောင် လာယဉ်ကျေးပြမနေစမ်းပါနဲ့ ကွာ..

ဒီနေ့ -၁

နေသာနေတာကို တွေ့ ရတာဝမ်းသာလိုက်တယ်။

ဝပ်ကျင်းလေး

ပြောချင်တာလေးပြောဖို့ ရေးချင်တာလေးရေးဖို့    နှစ်ပေါင်းများစွာ ပစ်ထားခဲ့တဲ့ဘလော့လေးကို ဖုန်သုတ်သန့် ရှင်းရေးလေးလုပ်နေမိတယ်။  ဘယ်သူနဲ့ မှ မတွေ့ ပဲ နေလို့ ရမယ့်နေရာလေးတခုတော့ ရှိသင့်ကောင်းရဲ့ မဟုတ်လား ကျနော့အတွက်..

ကျနော် -၁

များများပြောတာထက် များများနားထောင်ရတာကို ကြိုက်တယ်။ တခါတလေ နားအရမ်းညည်းလာပြီဆိုရင်တော့ ထထွက်သွားလိုက်တော့တာပဲ..

ဒီဇင်ဘာ

အမြဲတမ်း ဒီလိုပါပဲ။  ဆောင်းရောက်မယ် အေးမြမယ်ပေါ့ ကြယ်ကြွေကျတာ ဆုံခဲ့တယ်ညက။ သဘာဝကျကျပါပဲ မလင်းလွန်း မမှိန်လွန်းခဲ့  လေရူးတွေက တသုန်သုန်နဲ့  ကျနော် သွေးခဲမလိုဖြစ်ခဲ့သေးတယ်..