ခါး-၁
အဆင်မပြေတာတွေနဲ့စတဲ့ နှစ်သစ်ပါပဲ..
ဖြစ်ချင်တာတွေမဖြစ်လို့ဖြစ်ဖြစ် ၊မဖြစ်ချင်တာတွေဖြစ်လာလို့ဖြစ်ဖြစ် စိတ်ညစ်နေလို့ထူးခြားမှုတွေဖြစ်လာဖို့တော့မရှိပါဘူး။
လွန်ခဲ့ပြီ..
အရာအားလုံးဟာလွန်ခဲ့ပြီ။
ဒီလိုတွေဖြစ်လာမယ် ဘယ်သူတွေကြိုသိနိုင်ခဲ့ကြပါမလဲ
ဒါတွေကြောင့်ကြိုတင်သိမြင်ခွင့်ကို ဘုရားသခင်ကတားမြစ်တော်မူခဲ့ခြင်းဖြစ်ပေမည်။
ကျနော်သည် မှားယွင်ံးမှုတိုင်းကို အမြဲနောက်ကျမှသိသူဖြစ်သည်..
ပျော်ရွှင်မှုသည် ကျနော့ဆီလွယ်ကူစွာရောက်လာလေ့မရှိ။
အရာရာသည် ပြင်ဆင်ရန််ခဲယဥ်းလျှက်ရှိနေလေပြီ
ဒီလိုပုံစံမျိုး/အခြေအနေမျိုးနဲ့ ဘယ်လောက်ကြာအောင် အသက်ရှင်နေထိုင်နေရဦးမည် ကျနော်မသိ။
မှားယွင်းမှုအားလုံးအတွက် ကျနော်ပေးဆပ်ရပေတော့မည်..
Comments